အကူအညီတောင်းခံမှု

အကူအညီတောင်းခံမှု

-ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူများမှာ ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်းခံရသည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အထူးပြုစုစောင့်ရှောက်မှုလိုအပ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ခုခံအားကျဆင်းမှုရောဂါ သို့မဟုတ် အခြားကူးစက်မြန်ရောဂါ ခံစားနေရသူများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူများ၊ နိုင်ငံခြားသားများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များ၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများ နှင့် ထူးခြားသည့် အကြောင်းအရာ တစ်ခုခုကြောင့် အကူအညီ တောင်းခံလာသည့် ပြစ်မှုနှင့်ဆိုင်သော သက်သေများ ဖြစ်သည်။

-“ဆင်းရဲနွမ်းပါးသူ” အဖြစ်သတ်မှတ်ခြင်းကိစ္စတစ်ရက်လျှင် ငွေကျပ် ၄၈၀၀ /- ဝင်ငွေရရှိသူအား ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်ထားသော်လည်း

    • လျောက်ထားသူ၏ အခြေခံလစာ/ ဝင်ငွေ (ဇနီး/ခင်ပွန်း၊ သားသမီး၏ ဝင်ငွေအပါအဝင်နှင့် အခြားမှရရှိသော ဝင်ငွေရှိ/မရှိ
    • ပိုင်ဆိုင်မှုတန်ဖိုး သို့မဟုတ် အခြားသူတစ်ဉီးဉီးထံမှရရှိသော ထောက်ပံ့စရိတ် ရှိ/မရှိ
    • ပိုင်ဆိုင်မှုတန်ဖိုး (နေအိမ်/ ခြံမြေ၊ မော်တော်ယာဉ်၊ စုဆောင်းငွေ၊ အခြားသူအား ချေးထားသောငွေ/ အဆောက်အဉီ၊ မြေ အစရှိသဖြင့် ရှိ/မရှိ)
    • မှီခိုသူမိသားစုဝင်ဉီးရေ (ဇနီး/ခင်ပွန်း/သားသမီး/မိဘ/ညီအစ်ကို မောင်နှမ အရင်းအခြာများ ရှိ/မရှိ)
    • စားဝတ်နေရေးအတွက် တစ်လပျမ်းမျှ ကုန်ကျစရိတ် (အိမ်ငှားခ/ သားသမီးပညာရေး/ မိသားစုကျန်းမာရေး အစရှိသော အခြေခံအသုံးစရိတ်များအပါအဝင်)အချက်များဖြင့် တိုင်းတာစိစစ်ပြီး (means test) ပြုလုပ်ခြင်း ဖြင့် သတ်မှတ်ရမည်ဖြစ်သည်။

အမှုလက်ခံစာရွက်

အိမ်ထောင်ရှိ/မရှိ

အမှုအကျဉ်းချုပ်

Close